36 w - Translate

#မြေငလျင်သတင်းအချက်အလက်
◼ငလျင်ကြောင့် မန္တလေးတိုင်းအတွင်း သေဆုံးသူ ၇၀၀ နီးပါးရှိလာဟု နစက ထုတ်ပြန်
မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၇၀၀ နီးပါးရှိလာကြောင်း နစကမှ ယနေ့ (မတ် ၂၉ ရက်)တွင် နိုင်ငံပိုင်မီဒီယာမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
မန္တလေးတိုင်းအတွင်း လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသည့် စာရင်းများအရ အဆိုပါ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး နှင့် ပျောက်ဆုံးသူ ၆၈ ဦးရှိကြောင်း၊ အသေးစိတ်စာရင်းအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ယမန်နေ့ (မတ် ၂၈ ရက်)မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင်မန္တလေးမြို့ ၏အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ မြေအောက် ၁၀ကီလိုမီတာအနက်တွင် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်များလည်းထပ်မံလှုပ်ခတ်ခဲ့ခြင်းကြောင့် မန္တလေးတိုင်းအတွင်း လေဆိပ်၊နေအိမ်၊ဟိုတယ်များနှင့် ဘာသာရေးအဆောက်အဦ အများအပြားပြိုကျပျက်စီးခဲ့သည်။
ထို့ပြင် နေအိမ် ၁၅၉၁ လုံး၊ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊စာသင်‌ကျောင်း ၆၀ ကျောင်း၊တံတား ၃ စင်း၊ဘုရားစေတီ ၂၉၀ ဆူ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ကုသရန် ချမ်းမြသာစည်လေဆိပ်အဟောင်း၌ ယာယီ
ဆေးရုံ နှင့် ကယ်ဆယ်ရေးစခန်းကိုလည်းဖွင့်လှစ်ထားကြောင်း နစကမှ ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း

image
image
image
Like