37 w - Translate

Leap! (2016)_IMDb – 6.8/10

၁၈၇၉ ခုနှစ် ပြင်သစ်ကို ဇတ်အိမ်တည် အခြေခံရိုက်ကူးထားတဲ့ Animated ကာတွန်းကား Ballerina ထဲက
နှစ်လိုဖွယ်မိဘမဲ့ကလေးငယ်လေးရဲ့ အိမ်မက်ဟာ ကချေသည်တစ်ယောက်ဖြစ်လာဖို့ပါပဲ။
ဆံပင်အနီရောင်နဲ့ ကလေးမလေး Félicie (အသံသရုပ်ဆောင် Elle Fanning) ဟာ ဘရစ်တနီက သူတို့ရဲ့မိဘမဲ့ဂေဟာကနေ
သူ့အချစ်ဆုံးသူငယ်ချင်း Victor (Dane DeHaan) နဲ့အတူထွက်ပြေးသွားခဲ့ပါတယ်။
သူမရဲ့အိမ်မက်ဖြစ်တဲ့ ဘဲကလေးကချေသည်တစ်ဦးဖြစ်လာဖို့နဲ့ ဗစ်တာကတော့ တီထွင်သူတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ပေါ့။
ပဲရစ်မြို့တော် ။ ကောင်လေးကတော့ နာမည်ကျော် Gustave Eiffel ရဲ့အလုပ်သင် တပည့်တစ်ယောက်ဖြစ်လာခဲ့ပြီး
ကောင်မလေးကတော့ လူချမ်းသာမိန်းကလေးတစ်ယောက်ရဲ့နာမည်ကိုယူပြီး ကဇတ်ရုံမှာ ဘဲလေးကချေသည်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ကဇတ်ရုံမှာ အကပညာသင်ယူခွင့်ရဖို့ဆိုတာ ငွေကြေးပြည့်စုံတဲ့ အထက်တန်းလွှာဖြစ်ရုံတင် မကပဲကြိုးစားအားထုတ်မူနဲ့မှ ရောက်ရှိနိုင်တဲ့နေရာပါ။
ပျော်ပျော်နေတတ်တဲ့ Félicie ရဲ့ချစ်စဖွယ်အကျင့်လေးကပဲ သူမကိုအောင်မြင်တဲ့ဘဝဆီကို ရောက်ရှိအောင် ကူညီပေးခဲ့တယ်ဆိုရပါမယ်။
သူ့ရဲ့ ချစ်စရာ သူငယ်ချင်းလေး DeHaan ရဲ့ Victor နဲ့အတူပေါ့။
ရယ်စရာလေးတွေလဲ ဟိုနားဒီနားပါပါသေးတယ်။ ဒါပေမဲ့ ဒီနေရာမှာကတော့ မှော်ဆန်တဲ့ အိမ်မက်နဲ့ ကကြိုးကကွက်တွေထက်ပိုပါတယ်
ကကွက်ဖန်တီးရာမှာ ခံစားချက်ကိုပါထည့်သွင်းပြီးမှပဲ ပဲရစ်စ့် ကဇတ်ရုံက ဘဲလေးကချေသည်တစ်ယောက်ရဲ့အကကို
ပိုမိုပြောင်မြောက်လာစေတာပါ။
သူတို့ရဲ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာဖို့ ဘာတွေကိုရင်ဆိုင်ရမှာလဲ။
အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ကြမှာလဲဆိုတာကို ကြည်နူးဆွတ်ပျံဖွယ် ခံစားကြည့်ရူ့ကြရမှာပါ။
ကာတွန်းကားပေမဲ့ ရသတွေမျိုစုံပေးတဲ့ကားလေးပါ။ သူတို့ရဲ့ ဘဝရည်မှန်းချက် အကောင်ထည်ဖော်ပုံကို ကြည့်ရင်
ငယ်စဉ်ဘဝကိုပြန်တမ်းတကာ အိမ်မက်တွေကို စိတ်ကူးယဉ်ချင်လာအောင် ဖန်တီးပြထားပါတယ်။
IMDB မှာတော့ 6.8/10 ရထားပါတယ်

ဇာတ်ကားလင့်
https://t.me/c/2186686827/184

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
Like