16 w - Translate

ကျွန်မတို့ လူသားတွေဟာ မျက်နှာဖုံးအစုံတပ်ပြီး နေနေကြရတယ်ဆိုတာ ငြင်းလို့မရပါဘူး။
ရင်ထဲမှာ ဘယ်လောက်ပဲ
မုန်တိုင်းထန်နေပါစေ၊ မိသားစု၊
သူငယ်ချင်း၊ ချစ်သူနဲ့ တွေ့တဲ့အခါ
ပြုံးပြုံးရွှင်ရွှင်နဲ့ ပေါင်းသင်းဆက်ဆံရတာမျိုးတွေ မကြာခဏဆိုသလို ကြုံဖူးကြမှာပါ။

တကယ်တော့ ဒါဟာ လောကကြီးနဲ့
အံဝင်ခွင်ကျနေထိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်
ကာကွယ်ရတဲ့ နည်းလမ်းလေးတစ်ခုပါပဲ။
ဥပမာလေးတွေနဲ့ ပြောပြရရင်...

သူငယ်ချင်းတွေနဲ့တွေ့ရင် ကိုယ့်ရဲ့ ပျော်ရွှင်စရာ၊ ရယ်စရာကောင်းတဲ့ ပုံရိပ်လေးကို ပြချင်ကြတယ်။ သူတို့ပျော်ရွှင်စေဖို့၊ အားပေးဖို့အတွက်ပေါ့။

မိဘတွေနဲ့တွေ့ရင် မိဘတွေ ဂုဏ်ယူရမယ့်၊ စိတ်ချမ်းသာစေမယ့် သားသမီးကောင်းတစ်ယောက်အနေနဲ့ ပြချင်ကြတယ်။

မိဘတွေ စိတ်ပူမှာစိုးလို့
ကိုယ့်ရဲ့ အခက်အခဲတွေကို မပြောပြချင်ကြဘူး။ ဆရာသမားတွေနဲ့တွေ့ရင် လိမ္မာရေးခြားရှိတဲ့၊
တော်တဲ့ တပည့်တစ်ယောက်အနေနဲ့ ပြချင်ကြတယ်။ ဆရာသမားတွေရဲ့
မျက်နှာမငယ်စေချင်ကြဘူး။

ချစ်သူနဲ့တွေ့ရင် ချစ်သူကို ပျော်ရွှင်စေမယ့်၊
နွေးထွေးတဲ့ ချစ်သူတစ်ယောက်အနေနဲ့
ပြချင်ကြတယ်။ ချစ်သူ စိတ်ညစ်မှာစိုးလို့
ကိုယ့်ရဲ့ ဝမ်းနည်းမှုတွေကို
ဖုံးကွယ်ထားချင်ကြတယ်။

တကယ်တော့ ဒါတွေအားလုံးဟာ
ကိုယ့်ရဲ့ မသိစိတ်ကနေ ပြုမူလိုက်တဲ့
အရာလေးတွေပါပဲ။ ကိုယ့်ပတ်ဝန်းကျင်က
လူတွေလည်း ဒီလိုပဲ မျက်နှာဖုံးလေးတွေ
တပ်ဆင်ထားတတ်ကြပါတယ်။

မိဘတွေဆိုရင်လည်း သားသမီးရှေ့မှာ တစ်မျိုး၊ သူငယ်ချင်းတွေရှေ့မှာ တစ်မျိုး၊
ဆရာတွေဆိုရင်လည်း တပည့်တွေရှေ့မှာ တစ်မျိုး၊ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ တစ်မျိုး စသဖြင့် ပြောင်းလဲနေတတ်ကြပါတယ်။

ဒါကြောင့် လူတိုင်းမှာ မျက်နှာဖုံးလေးတွေ မြောက်မြားစွာ ရှိနေတတ်တယ်ဆိုတာကို
နားလည်ပေးနိုင်မယ်ဆိုရင်၊
ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ ပိုပြီး နားလည်မှုတွေ တည်ဆောက်ပြီး အဆင်ပြေပြေလေး
နေထိုင်နိုင်မယ်လို့ ထင်ပါတယ်ရှင်..........
#pleasedontcopy
#foodforyoursoul
#energyhealerandreader
#ဒီစာလေးကမိမိအတွက်အကျိုးရှိတယ်ဆိုပတ်ဝန်းကျင်ကိုမျှဝေဖို့shareသွားပေးပါရှင်
#facebookpage
#facebookpost
#pleasefollowme

image
//