32 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂါဇာပြန်လည်တည်ဆောက်ရေး ဒေါ်လာ ၅၃ ဘီလီယံအသုံးပြုရန် အာရပ်ခေါင်းဆောင်များ အတည်ပြု
ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ ၅၃ ဘီလီယံအသုံးပြုမည့်အစီအစဉ်ကို အီဂျစ်တွင်ပြုလုပ်သော အာရပ်ခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးအတွင်း မတ် ၄ ရက်က အတည်ပြုလိုက်သည်။
ယင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ဂါဇာကိုလက်လွှဲရယူပြီး ပါလက်စတိုင်းနှစ်သန်းကျော်ကို နှင်ထုတ်ပြီး ပြန်လည်တည်ဆောက်မည့် အစီအစဉ်နှင့်အပြိုင်ဖြစ်ပြီး အီဂျစ်နိုင်ငံက အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
အီဂျစ်၏အစီအစဉ်သည်လက်ရှိတွင် အာရပ်၏အစီအစဉ်တစ်ခုဖြစ်ကြောင်း အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးချုပ်က အစည်းအဝေး အပြီးတွင် ပြောသည်။
ထရန့်၏ အစီအစဉ်များကိုရည်ညွှန်းခြင်းမရှိသော်လည်း အာရပ်အဖွဲ့ချုပ်သည် အတင်းအကျပ်ရွှေ့ပြောင်းခြင်းများကို ဆန့်ကျင်သည်ဟုဆို၏။
လက်ရှိတွင် ဂါဇာအပစ်အခတ်ရပ်စဲရေး ပထမအဆင့် ပြီးဆုံးသွားသော်လည်း အပစ်ရပ်ဒုတိယအဆင့်ဆွေးနွေးရန် အစ္စရေးနှင့် ဟားမားစ်တို့အကြား သဘောထားကွဲလွဲနေဆဲဖြစ်သည်။ ဂါဇာမှ အစ္စရေးတပ်များ အလုံးစုံဆုတ်ခွာရေးကို ဟားမားစ်က လိုလားနေသည်။
အစ္စရေးကလည်း အပစ်ရပ်ဒုတိယအဆင့်ကို တက်ရောက်ရန် ငြင်းဆိုထားပြီး ပထမအဆင့်ကို ဧပြီ ၂ဝ ရက်အထိ သက်တမ်းတိုးရေးအဆိုပြုထားကာ ဂါဇာသို့ဝင်ရောက်နေသည့် အကူအညီများကို ပိတ်ဆို့မည်ဟုကြေညာခဲ့သည်။
ဘီဘီစီ

image
Like