33 w - Translate

တရုတ်က ကမ္ဘာ့ ပထမဆုံး ရေအောက် ကွန်ပြူတာ စင်တာကို တည်ဆောက်
===========================================
တရုတ်က ဟိုင်နန် ပြည်နယ်၊ Lingshui မှာ အဆင့်မြင့် ရေအောက် ကွန်ပြူတာ စင်တာကို တည်ဆောက်လိုက်ပါတယ်။ ၁၈ မီတာ ရှည်လျားတဲ့ ဒေတာ စင်တာမှာ စွမ်းရည်မြင့် ဆာဗာ ၄၀၀ ကျော် ထည့်သွင်းထားပါတယ်။
ရေအောက်ကြမ်းပြင်မှာ တည်ဆောက်ထားပြီး အနီးအနားက ကမ်းရိုးတန်း Station တွေကို အသုံးပြုကာ Client Data Terminals တွေနဲ့ဆက်သွယ်ထားပါတယ်။
ကွန်ပြူတာ တွက်ချက်မှု စွမ်းအားဟာ အရည်အသွေးမြင့် Gaming PC အလုံးရေ ၃၀,၀၀၀ နဲ့ ညီမျှထားပါတယ်။ တစ်စက္ကန့်မှာ AI Assistant Chats ပေါင်း ၇,၀၀၀ ကို စီမံခန့်ခွဲနိုင်ပါတယ်။
ကွန်ပြူတာ စင်တာကို ပင်လယ်ရေအောက်မှာ တည်ဆောက်ထားတဲ့အတွက် အေးမြပြီး မြေနေရာ မယူတော့ပါဘူး။ လျှပ်စစ်စွမ်းအင်ကို လျှော့ချပေးနိုင်ပြီး လုံခြုံရေးနဲ့ တည်ငြိမ်ရေး တိုးတက်စေတယ်လို့ သိရပါတယ်။

image
Like