ခြံအမှတ် (၅၄) နေအိမ်ကို ထပ်မံဈေးလျှော့ချရောင်းချရန် ဦးအောင်ဆန်းဦး နောက်တစ်ကြိမ်တင်ပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ဝယ်ယူမည့်သူမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် (၅၄) နေအိမ်ကို ထပ်မံပြီးဈေးလျှော့ချရောင်းချရန် ဦးအောင်ဆန်းဦးဘက်မှ နောက် ထပ်တစ်ကြိမ်တင်ပြခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရ သည်။

အဆိုပါနေအိမ်ကို ဖေဖော်ဝါရီ ၂၇ ရက်(ယနေ့) ရုံးချိန်း၌ လေလံကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလျံမှ ဘီလျံ ၂၇၀ သို့လျှော့ချ၍ရောင်းရန် တင်ပြထားကြောင်း သိ ရသည်။

"သူ့ဘက်ကတော့ ဝယ်မယ့်သူမရှိသရွေ့ ဈေးထပ်လျှော့မှာပဲ။ သူဘယ်လောက်ပဲဈေးလျှော့ဈေးလျှော့ ဝယ်မယ့်သူ ရှိလာမှာမဟုတ်ဘူး။ ဘယ်သူမှလဲ မဝယ်ရဲဘူးလေ။" ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် (၅၄) နေအိမ်ကို (၃)ကြိမ်တိတိ လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိသေးကြောင်း၊ အဆိုပါနေအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံဖြင့်တစ်ကြိမ်၊ ၃၀၀ ဘီလီယံဖြင့်တစ်ကြိမ် လေလံတင်ရောင်းချခဲ့ပြီး တတိယအကြိမ်တွင် ၂၉၇ ဘီလျံဖြင့် လေလံတင်ရာ ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

အဆိုပါ အမွေဆိုင်ခြံ၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃) ဧကကျယ်ဝန်းပြီး၊ စတုရန်းပေ (၈၃၇၆၅.၈၈) ပေရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image
//