20 ပတ် - ဘာသာပြန်ပါ။

မတ်လ ၂ ရက်မှာ Galaxy A Series အသစ်မိတ်ဆက်မယ်
Samsung official website ကနေ လာမယ့် မတ်လ ၂ ရက်မှာ Galaxy A မော်ဒယ်အသစ်တွေ မိတ်ဆက်သွားဖို့ ကြေညာလာပါတယ်။ မော်ဒယ်အတိအကျကိုတော့ မဖော်ပြထားပဲ Galaxy A Launch ဆိုပြီးသာ ဖော်ပြလာတာပါ။
အင်တာနက်ပေါ်က အဆိုအရ Samsung ဟာ A56, A36 နဲ့ A26 တို့ကို မိတ်ဆက်သွားမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ Leak တွေအရ မော်ဒယ် ၃ မျိုးလုံးဟာ 6.7-inch screen size , 1080x2340 resolution နဲ့လာမှာဖြစ်ပြီး A56 နှင့် A36 ကတော့ in-display fingerprint sensor ဖြစ်ပါမယ်။
Chips ပိုင်းမှာတော့ A56 ကို Exynos 1580 ၊ A36 မှာ Snapdragon 6 Gen 3 နဲ့ A26 မှာတော့ Exynos 1380 တို့ ဖြစ်မယ်။ နောက်ပြီး One UI 7 နဲ့ Android 15 ကိုလည်း သုံးနိုင်ဦးမယ်လို့ ဆိုထားပါတယ်။
ဘယ်နှစ်ရက်မှလည်း မလိုတော့ပါဘူး။ Galaxy A Series ဖန်တွေ စောင့်ကြည့်ရယ့် နောက်ထပ်ပွဲတစ်ခုပေါ့ဗျာ...

image
//