33 w - Translate

သင် သေဆုံးမယ့် အချိန်ကို ပြောပြပေးမယ့် AI App
==============================
အရင်ကလည်း လူတွေ သေဆုံးမယ့် အချိန်ကို ကြိုတင်ခန့်မှန်းပေးတဲ့ App တွေထွက်ပေါ်ခဲ့ဖူးပေမယ့် အပျော်သဘော ဖန်တီးထားတာ ဖြစ်ပါတယ်။ အခုထွက်လာတဲ့ Death Clock App မှာတော့ AI နည်းပညာကို သုံးထားတဲ့အတွက် မှန်ကန်မှု ရာခိုင်နှုန်း များနိုင်ပါတယ်။
အဲဒီ App ကို ဇူလိုင်လ အစပိုင်းမှာ ဖြန့်ချိခဲ့တာ ဖြစ်ပြီး အခုမှ လူသိများ နာမည်ကြီးလာတာ ဖြစ်ပါတယ်။ Android နဲ့ iOS နှစ်ခုစလုံးမှာ သုံးနိုင်ပြီး လက်ရှိအချိန်အထိ Death Clock App ကို Download ပြုလုပ်တဲ့ အကြိမ်အရေအတွက်ဟာ ၁၂၅,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ အသက်၊ အရပ်အမြင့်၊ ကိုယ် အလေးချိန်၊ စားသုံးတဲ့ ကယ်လိုရီ၊ စိတ်ဖိစီးမှု၊ လေ့ကျင့်ခန်း ပြုလုပ်မှု တို့လို ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး သေဆုံးမယ့် အချိန်ကို ခန့်မှန်းပေးတာ ဖြစ်ပါတယ်။
App ကို ဖန်တီးထားတဲ့ Developer Brent Franson က App ရဲ့ ရည်ရွယ်ချက်ဟာ လူတွေ သေဆုံးမယ့် အချိန်ကို ကြိုတင်ခန့်မှန်းဖို့ မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင် စားသောက်ကြဖို့ သတိပေးချင်တာလို့ ပြောပါတယ်။ App မှာ မွေးနေ့၊ လိင်၊ ဆေးလိပ်သောက်တဲ့ အကျင့်၊ သင့် ကိုယ်ခန္တာ အညွှန်းကိန်း (BMI) နဲ့ နေထိုင်တဲ့ နိုင်ငံတို့ကို ထည့်သွင်းကာ သင် သေဆုံးမယ့် နေ့ကို တွက်ချက်လို့ ရပါတယ်။
Brent Franson က AI ကို လူပေါင်း ၅၃ သန်းရဲ့ သက်တမ်း ၁,၂၀၀ ကျော်ရဲ့ ဒေတာတွေနဲ့ လေ့ကျင့်သင်ကြားပေးထားတယ်လို့ ပြောပါတယ်။ သင်သေမယ့် နေ့ကို သိချင်ရင်တော့ Dark Clock App ကို အမြန် ဒေါင်းလိုက်ပါ။ 😛

image
Like