အထွဋ်အမြတ်ထားရာ ပုဂံမြေကို မီးရထားစီးပြီး သွားခဲ့တဲ့ သရုပ်ဆောင် ဖွေးဖွေး 🥰
သရုပ်ဆောင် ဖွေးဖွေးကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ပုဂံမြေကို အလည်ရောက်ရှိနေခဲ့တာပါ။ သူမရဲ့ ပုဂံအမှတ်တရဗီဒီယိုလေးတွေကိုလည်း Social Media ပေါ်ကနေ မျှဝေထားပါသေးတယ်။ သရုပ်ဆောင် ဖွေးဖွေးက မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာပုဂံမြေကို မီးရထားစီးပြီးသွားခဲ့တာပါ။ ကျောက်ပန်းတောင်းဘူတာကနေပြီး ပုဂံသို့ ရထားနဲ့သွားခဲ့တာကို တွေ့ရပါတယ်။ သရုပ်ဆောင် ဖွေးဖွေးဟာ မန္တလေးက ထိပ်တန်းရတနာရွှေဆိုင် ဖွင့်ပွဲကို တက်ရောက်ပြီး ပုဂံသို့ သွားလည်ပတ်ခဲ့တာပါ။
#celenews
