21 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြန်မာပြဿနာကို ဖြေရှင်းရေးအတွက် ကတိအတိုင်း ကြိုးပမ်းမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော
မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရသော နိုင်ငံရေးနှင့်စစ်ရေး အကျပ်အတည်းများကို ဖြေရှင်းရေးအတွက် မလေးရှားနိုင်ငံအနေဖြင့် ကတိကဝတ်ပေးထားသည့်အတိုင်း ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက်ဟာဆန် က ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
သို့ရာတွင် အာဆီယံအနေဖြင့်အဖွဲ့ဝင်နိုင်ငံများ၏ပြည်တွင်းရေး ကြားဝင်မစွက်ဖက်ရေးမူကို ကျင့်သုံးနေစဉ်တွင် မြန်မာနိုင်ငံ ပြဿနာမှာ နယ်စည်းကျော်ပြဿနာဖြစ်လာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သုံးသပ်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော လူမှောင်ခိုပြဿနာ၊ အွန်လိုင်း လိမ်လည်မှုပြဿနာနှင့် ဆိုက်ဘာရာဇဝတ်မှုများသည် မလေးရှား အပါအဝင် မြန်မာ၏ အရှေ့တောင်အာရှနိုင်ငံများအတွက်လည်း စိန်ခေါ်မှုများဖြစ်လာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်တည်ဆောက်နိုင်ရေးကို လိုလားကြောင်း၊ ငြိမ်းချမ်းမှု တည်ဆောက်နိုင်မှသာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နိုင်လိမ့်မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အလားတူ မြန်မာ၏ နိုင်ငံရေး အနာဂတ်အတွက် ဆုံးဖြတ်ရေးမှာ မြန်မာပြည်သူတို့၏ တာဝန်ဖြစ်ပြီး အာဆီယံ၏ အဓိကရည်မှန်းချက်မှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောကြားခဲ့သည်။
ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဦးစားပေးဖြေရှင်းမည်ဖြစ်ကြောင်း ကြေညာထားသည်။

image
//