ဓါးစာခံခြောက်ယောက် လွတ်လာပြီးနောက် ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အချိန်အကန့်အသတ်မရှိ အစ္စရေးရွှေ့ဆိုင်း

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၂၃

အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အပေါ် နောက်ထပ်အတားအဆီးအဖြစ် ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော်ကို ပြန်လွှတ်ပေးရေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းတယ်လို့ အစ္စရေးက ထုတ်ပြန်လိုက်ပါတယ်။

ဟားမတ်စ်တို့ဟာ အစ္စရေးဓါးစာခံခြောက်ယောက်ကို မနေ့က ပြန်လွှတ်ပေးလိုက်ပြီးနောက်မှာ အစ္စရေးက အခုလို ကြေညာလိုက်တာဖြစ်ပြီး နောက်ထပ်ဓါးစာခံလွှတ်ပေးရေးအတွက် ဟားမတ်စ်တို့ဆီက အာမခံချက်မရမချင်း ဆိုင်းငံ့ထားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ပထမအဆင့်အရ ဓါးစာခံတွေ လွှဲပြောင်းပေးရမယ့် အရေအတွက်ဟာ အနည်းငယ်သာကျန်ရှိပါတယ်။ ဖမ်းဆီးထားစဉ်သေဆုံးသွားတဲ့ ဓါးစာခံအလောင်းလေးလောင်းကိုလည်း ဟားမတ်စ်တို့က ပြန်လွှဲပေးခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်မှာ ဓါးစာခံလွတ်မြောက်ရေးနဲ့ အကျဉ်းသားလဲလှယ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တိကျတဲ့ သဘောတူညီချက်တွေ မရှိသေးပါဘူး။ လက်ရှိအစ္စရေးရဲ့ ဆိုင်းငံ့မှုက အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်မှာကို စိုးရိမ်မူတွေ ရှိနေပါတယ်။

ဟားမတ်စ်တို့ဟာ ဝါ့ဒဖြန့်ချိရေးအတွက် ဓါးစာခံတွေကို ရက်စက်စွာပြုမူခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့က အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအတွင်း လူ ၁၂၀၀ သေဆုံးခဲ့ပြီး ၂၅၁ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဂါဇာမှာတော့ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် လူ လေးသောင်းရှစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:Getty Images

#centralnewsnaypyitaw

Like