Confirmed!!!!
ဖေဖော်ဝါရီ ၁၉ ရက် iPhone SE ထွက်မယ်
Apple ရဲ့ ဘတ်ဂျက်အကျဆုံး iPhone ထွက်မယ့်ရက်ကို တင်မ်ကွတ်ကြေညာလိုက်ပါတယ်။
"newest member of the family" ဆိုပြီး ပြောသွားတာပါ။ ဘယ်ဖုန်းရယ်လို့ နာမည်တပ်မပြောတာက Apple ရဲ့ အထာပါ။ သေချာသလောက်ရှိတာက ဖေဖော်ဝါရီ ၁၉ ရက်မှာ iPhone SE 4 သစ် ထွက်လာနိုင်တယ် ဆိုတာပါပဲ။
တကယ်လို့ iPhone SE 4 နာမည်နဲ့ မဟုတ်ရင်လည်း အခု သတင်းတွေ ထွက်ထားသလို iPhone 16E ဆိုပြီးလည်း ဖြစ်သွားနိုင်တာပါပဲ။ အဖြစ်နိုင်ဆုံးကတော့ iPhone SE 4 ဆိုတဲ့ နာမည်ပါ။
နာမည်တွေကို ချန်ထားပြီး ပြောရရင် ဒီဖုန်းက Apple ရဲ့ ဒေါ်လာ ၅၀၀ တန်းအောက် ဈေးအသက်သာဆုံးမော်ဒယ် ဖြစ်ပြီး iPhone 14 ဒီဇိုင်းနဲ့ လာဖို့ များပါတယ်။ A18 Chipset သုံးလာပြီး RAM 8 GB ပါပါမယ်။ Apple Intelligence ရပြီး ကျောဘက်မှာ ကင်မရာတစ်လုံးပဲ သုံးလာပါလိမ့်မယ်။
အရင် iPhone SE တွေထက် ဈေးမြောက်ပြီး ၄၉၉ ဒေါ်လာ ဈေးကနေ စရောင်းမယ်လို့ သတင်းထွက်ထားပါတယ်။ iPhone SE သစ်က မကြာခင် ထွက်လာမယ့် Google Pixel 9a တို့နဲ့အပြိုင် mid-range တန်း ဖုန်းဈေးကွက်ထဲ ပွဲဆူစေတော့မှာပါ။
