ဒီလုပ်နည်းကိုသိရင် kfc ကိုစျေးကြီးပေးဝယ်စားစရာမလိုတော့ဘူးနော်
ကြက်တုံး ကြွပ်ကြော်လုပ်နည်း
ကြက်သားတွေကို လေးထောင့်အတုံးလေးတွေတုံးပါ ပြီးရင် ကြက်သွန်မြိတ် ၊ ဆား ၊ ငရုတ်ကောင်း ၊ ပဲငံပြာရည်အကြည် ၊ ခရုဆီ ၊ ကြက်ဥတစ်လုံးထည့်နယ်လိုက်ပါ
နောက်ပြီး ကော်မှုန့် ၊ ပွမှုန့် ၊ ဂျုံမှုန့် ရောထားပြီး ခုနနယ်ထားတဲ့ ကြက်သားတွေ ထည့်နယ်ပေးပါ
နယ်ပြီးသွားရင် ရေစွတ်ပြီး နှစ်ခါ ထပ်နယ်ပေးလိုက်ပါ
ပြီးသွားရင် ဆီဆူဆူထဲထည့်ကြော်လိုက်ရင် kfcပုံစံ ကြက်ကြော်စားလို့ရပါပြီ


