1 y - Translate

DeepSeek ကို ကျော်ကာ Alibaba ကို ရွေးချယ်ခဲ့တဲ့ Apple
Apple အနေနဲ့ တရုတ်နိုင်ငံတွင်း AI ဝန်ဆောင်မှုတွေအတွက် တရုတ်ကုမ္ပဏီအချို့နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ Alibaba ကို ရွေးချယ်ခဲ့တယ်လို့ ဖော်ပြလာပါတယ်။
ထူးခြားတာက လောလောဆယ် တအားဟော့နေတဲ့ DeepSeek ကို ကျော်ပြီး Alibaba ကို ရွေးခဲ့တာဖြစ်ပါတယ်။ Apple အနေနဲ့ မနှစ်က ဒီဇင်ဘာတုန်းကလည်း Tencent, ByteDance, Baidu တို့နဲ့ ဆွေးနွေးခဲ့ပေမဲ့လည်း နောက်ဆုံးမှာ Alibaba ကိုသာ ရွေးချယ်ခဲ့တာပါ။
Apple အနေနဲ့ တရုတ်နိုင်ငံတွင်း AI Feature တွေပါတဲ့ iPhone တွေကို ဖြန့်ချိနိုင်ဖို့ တရုတ်အစိုးရက ခွင့်ပြုပေးမယ့် AI ဝန်ဆောင်မှုမှဖြစ်တာကြောင့် အခုလို တရုတ်နည်းပညာကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေရတာပါ။ ဒါကြောင့်လည်း အခုချိန်အထိ တရုတ်မှာ Apple intelligence ကို သုံးခွင့်မရှိသေးတာပါ။
လက်ရှိမှာတော့ Apple နဲ့ Alibaba တို့က ပူးပေါင်းဖန်တီးထားတဲ့ AI Feature တွေကို တရုတ်အင်တာနက် စီမံခန့်ခွဲရေးအဖွဲ့ဆီ သွင်းတင်အတည်ပြုလိုက်ပြီးလို့တော့ ဆိုပါတယ်။ ဆိုတော့ မကြာတော့တဲ့ အချိန်တစ်ခုမှာ တရုတ်နိုင်ငံမှာ Apple Intelligence ပါတဲ့ iPhone တွေကို သုံးနိုင်တော့မယ်လို့ ယူဆရပါတယ်။

image