32 w - Translate

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (၁၁၉)နှစ်ပြည့်ပွဲတော် ကျင်းပမည်
------------------------
လာမယ့်ဇန်နဝါရီ(၂၅)ရက်မှာ ကျရောက်မယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့(၁၁၉)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို အဲဒီဥယျာဉ်အတွင်းမှာပဲ ဇန်နဝါရီ(၂၄)ရက်ကနေ(၂၆)ရက်အထိ (၃)ရက်တိုင်တိုင် ပျော်ရွှင်စရာအစီအစဉ်တွေနဲ့ အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်မှာ စတင်တည် ထောင်ခဲ့တာကြောင့် အခု၂၀၂၅ ခုနှစ်မှာ (၁၁၉)နှစ် ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ပွဲတော်ကာလအတွင်း ဖျော်ဖြေ ရေးအစီအစဉ်တွေ၊ မျက်လှည့်အစီအစဉ်တွေနဲ့အတူ ဂျိုကာရဲ့ တစ်ကိုယ်တော်ဖျော်ဖြေတင်ဆက်မှု၊ လက်ဆောင် တွေပါရယူနိုင်မယ့်ဗဟုသုတရဖွယ်ရာ game အစီအစဥ်တွေ၊ တိရစ္ဆာန်လေးတွေရဲ့ ဗဟုသုတရဖွယ်ရာ အကြောင်း အရာလေးတွေကို ဝေမျှပေးသွားမယ့် talk show အစီအစဉ်တွေပါဝင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ချစ်စရာတိရစ္ဆာန်လိမ္မာလေးတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်တွေ၊ ဂိမ်းအစီအစဥ်တွေ၊ လက်ဆောင်တွေရယူနိုင်မယ့် အမေးအဖြေကဏ္ဍတွေအပြင် ဈေးရောင်းပွဲတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရ ပါတယ်။

image