အမေရိကန်တွင် နှင်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ထောင်ချီဖျက်သိမ်း
------------------------
အမေရိကန်ပြည်ထောင်စု တစ်ဝန်းမှာ ဆိုးရွားတဲ့ နှင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် လေကြောင်းခရီးစဉ် ၃၀၀၀ ကျော်ဖျက်သိမ်းခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းရှိ အဓိကလေဆိပ်တွေကို ဖြတ်ကျော်ဝင်ရောက်လာတာကြောင့် လေကြောင်းခရီးစဉ် ၃၀၀၀ ကျော် စတင်ဖျတ်သိမ်းခဲ့ရတာဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ကပြောကြားထားပါတယ်။
တက္ကဆက် ပြည်နယ်မှာ သောကြာနေ့ အစောပိုင်းကတည်းက ဆီးနှင်းတွေထူထပ်စွာကျဆင်းနေပြီး အတ္တလန္တာ မှာလည်း ဆီးနှင်းတွေကျဆင်းနေပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ခုနစ်နှစ်နီးပါးအတွင်း အဆိုး ရွားဆုံး ဆီးနှင်းကျဆင်းမှု ဖြစ်ပါတယ်။ ဂျော်ဂျီယာနဲ့ တက္ကဆက်ပြည်နယ်တွေမှာလည်း ဆီးနှင်းကျဆင်းမှုကြောင့် နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၃၅,၀၀၀ ကျော် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။


