32 w - Translate

လော့စ်အိန်ဂျယ်လိစ်တောမီး သေဆုံးသူ (၁၁)ဦးထိရှိလာ
-------------------------
အချိန်တိုအတွင်း လောင်ကျွမ်းမှုအားကောင်းခဲ့တဲ့ လော့စ်အိန်ဂျယ်လိစ်တောမီးအတွင်း သေဆုံးသူ အရေအတွက် ဟာ အနည်းဆုံး (၁၁)ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။ ပယ်လီဆေ့ဒ် ၊ အီတန် ၊ ကဲနက် ၊ ဟာ့စ် နဲ့ လီဒီယာ ဒေသတွေမှာ လောင်တဲ့တောမီးတွေဟာ နယ်မြေဧရိယာ ဧက(၂၇,၀၀၀) လောက်ကို ဝါးမျိုဖျက်ဆီးခဲ့ပြီး ဖြစ်တယ် လို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။

တောမီးရဲ့ အရွယ်အစားကို သိသိသာသာ ရပ်တန့်ထားနိုင်တယ်လို့ လော့စ်အိန်ဂျယ်လိစ်ခရိုင် မီးသတ်အကြီးအကဲ အန်ထိုနီ မာရွန်းက သောကြာနေ့မှာ ကြေညာလာပါတယ်။ ကြာသပတေးနေ့တုန်းကတော့ တောမီးလောင်ကျွမ်း မှုနဲ့ ပတ်သက်ပြီး ရှို့မီးလို့ ယူဆမှုတွေရှိနေပြီး သံသယရှိသူတစ်ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားပါ တယ်။ သောကြာနေ့ မနက်ခင်းအထိ တောမီးကြောင့် နေအိမ် နဲ့ အဆောက်အဦအလုံးပေါင်း(၁၀၀၀၀) ပျက်စီး သွားပြီး လူပေါင်း တစ်သိန်းခွဲလောက်ဟာ နေရပ်ရွှေ့ပြောင်းခဲ့ကြရပါတယ်။

image