အရက်မူးနေသူတစ်ဦး မောင်းလာတဲ့အိမ်စီးကားတစ်စီး လှည်းတန်းကုန်းတံတားပေါ်မှာ မီးလောင်

ဒီဇင်ဘာ ၂၅

အရက်သေစာသောက်စားထားသူ အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ ပရာဒိုအမျိုးအစား အိမ်စီးကားတစ်စီးဟာ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်၊ မနက် ၂ နာရီခွဲအချိန်က ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းကုန်းတံတားပေါ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လှည်းတန်းဘက်ကနေ အရှိန်နဲ့ မောင်းနှင်လာတဲ့ အဲဒီကားဟာ တံ‌တားပေါ်က ပလက်ဖောင်းကို တိုက်ပြီး ပလက်ဖောင်းပေါ်ကျော်တက်ရောက်ရှိနေတာကို သတိမထားမိဘဲ ဆက်မောင်းရာကနေ အင်ဂျင်အပူလွန်ကဲပြီး မီးလောင်တာလို့ ဆိုပါတယ်။

အဆိုပါကားမီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပြီး ဖြစ်စဥ်အတွင်း အရက်မူးနေတဲ့ ကားမောင်းသူကတော့ ဆင်းပြေးနိုင်ခဲ့တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage
+4
//