43 ပတ် - ဘာသာပြန်ပါ။

New Animation Review

43 ပတ်

ဒီတစ်ခေါက် Anihuber တွေအတွက် review လုပ်ပေးချင်တဲ့ Animation Series လေးကတော့ Scissor Seven လို့ခေါ်တဲ့ တရုတ် Animation Series လေးပဲဖြစ်ပါတယ်။ လူအများအမြင်မှာ ပေါတောတောကြောင်တောင်တောင်နေတတ်တဲ့ Wu Liuqi ဆိုတဲ့ အနိမ့်စားဆံပင်ညှပ်ဆရာလေးတစ်ယောက်ကနေ သူ့ရဲ့ဖြစ်ချင်တဲ့အိမ်မက်တစ်ခုဖြစ်တဲ့ ကမ္ဘာ့နာမည်အကြီးဆုံး Assassin တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကြည့်ရမှာပါ။ သူ့ရဲ့အတိတ်မေ့နေခဲ့တဲ့ အတိတ်ကသူဘယ်သူလဲဆိုတာကိုရှာဖွေရင်း သူ့သူငယ်ချင်း Dai Bo နဲ့ ဘယ်လိုတွေဖြစ်မလဲ၊ သူကြိတ်ကြိုက်နေတဲ့ Assassin မလေးနဲ့ဘယ်လိုတွေနှစ်ပါးသွားမလဲဆိုတာကို ဟာသ၊ ဒရာမာ အရောလေးနဲ့ကြည့်ရမှာမလို့ ဘယ်လိုမှပျင်းသွားမှာမဟုတ်တဲ့ Series လေးပါ။
Netflix ကနေထုတ်ထားတာဖြစ်ပြီး Season 3 အခုအထိထွက်ရှိထားတဲ့အပြင် မကြာသေးခင်ကပဲ Season 4 ထွက်ထားတာမလို့ အကြိုက်ကြည့်နိုင်မှာဖြစ်ပါတယ်။
ဇာတ်လမ်းလေးကိုကြည့်ချင်တယ်ဆိုရင်တော့.....

Link - https://shorturl.at/9YtXl

ကြည့်ပြီးတဲ့သူတွေလဲ အောက်မှာ Series လေးအကြောင်းတစ်ခုခု မန့်သွားခဲ့ဦးနော်......

#anihub
#admin_hidan

image