46 ပတ် - ဘာသာပြန်ပါ။

ရေကြီးရေလျှံ မြေပြိုမှုများကြောင့် သေဆုံးသူ ၄၃၃ ဦး၊ ပျောက်ဆုံးသူ ၇၉ ဦးရှိဟုဆို
---------------------------------
တိုင်းဖွန်းမုန်တိုင်း ရာဂိအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်တချို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် စက်တင်ဘာ၂၇ရက် မနက်ပိုင်းအထိ စာရင်းတွေအရ သေဆုံးသူ ၄၃၃ယောက် နဲ့ သေဆုံးသူ ၇၉ ယောက်ရှိတယ်လို့ နစကထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံအဝှမ်း မြို့နယ် ၁၁၀မြို့နယ်က လူနေအိမ် ၁၁၅၀၀၂ လုံး၊ ရုံးဌာနအဆောက်အဦး ၁၂၉လုံး၊ စာသင်ကျောင်း ၃၃၃ကျောင်း၊ ဘာသာရေးကျောင်း ၂၂၈ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လမ်း/တံတားပျက်စီးမှု ၁၃၅၈ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄တိုင်၊ စပါးစိုက်ဧက ၇ သိန်း၈သောင်းကျော် ထိခိုက်ပျက်စီးခဲ့ပြီး တိရစ္ဆာန်အကောင်ရေ ၁၇၆၂၄၆ကောင် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

image