နောက်ဆုံးတစ်ခေါက်
ဒီနှစ်ဘောလုံးရာသီက နောက်ဆုံးဆိုတယ့် စကားလုံးများစွာနဲ့ ပြည့်နေတယ်လို့ ပြောရင် မမှားပါဘူး။ ဂျာမန်သားနှစ်ယောက်ရဲ့ သူတို့ရဲ့ ကလပ် အသင်း ဂျာစီ ကိုယ်စီကိုယ်စီ နဲ့ နောက်ဆုံးမြင်ရမယ့်နေ့ကို ရောက်လာပါပြီး။
တည်ငြိမ်မူ နဲ့ သစ္စာတရားရဲ့ ပြယုဂ် ဖြစ်တယ့် ဒီနှစ်ယောက် ကို ဥရောပ ကလပ် အသင်းတွေမှာ နောက်ဆုံးအကြိမ် မြင်ရမယ့် အသိက ခံရခက်ပါတယ်။ တစ်ယောက်က ရူံးပြီး တစ်ယောက်က နိင်မှရမယ်ဆိုတယ့် ဇာတ်သိမ်းဆိုတာကြီးကလည်း ကျွန်တော် တို့ ယောက်ျားတွေ ရဲ့ ခံစားချက်တွေကို ကစားဦးမှာပါလား။
